How to Install Popcorn Time on Ubuntu!

29 September 2018

Popcorn Time for Ubuntu !

icon

Popcorn Time သည် Netflix ကိုမှီငြိမ်းထားေ သာ torrent streaming applicton ဖြစ်သည်။ ၎င်းသည် open source application တစ်ခုဖြစ်၏။

၎င်း၏အားသာချက်များမှာ

  • ပုံမှန်ကဲ့သို့ torrent video များအား ဒေါင်းလုတ်ပြုလုပ်ချိန်ကိုစောင့်ဆိုင်းပြီးမှသာ ကြည့်ရှုရခြင်းမျိုးမဟုတ်ဘဲ YouTube, Netflix, openload တို့ကဲ့သို့ တိုက်ရိုက်နီးပါး stream ကြည့်ရှုနိုင်ခြင်းဖြစ်သည်။

  • ပို၍ကောင်းမွန်သော အချက်မှာ ကြော်ငြာ များမပါရှိခြင်းဖြစ်သည်။

  • ၎င်းတွင် Movies, TV series, Anamie အစရှိသဖြင့်ကဏ္ဍများ စုံလင်စွာပါရှိပါသည်။

အားနည်းချက်များမှာမူ

  • torrent ကိုအသုံးပြုထားသဖြင့် ထပ်ဆင့်ပေးပို့သူ(seeds)နည်းသော Moviesများအတွက် အဆင်ပြေကောင်းမွန်စွာကြည့်ရှုနိုင်မည်မဟုတ်ပါ။

  • Seedsနည်းသော Moviesများကို ၎င်းတွင်ပါရှိသောMagnet linkမှတဆင့် qbittorrent ကဲ့သို့သော torrent software application များဖြင့် ဒေါင်းလုတ်ပြုလုပ်နိုင်ပါသေးသည်။

  • Seeds လုံးဝမရှိသော ဖိုင်များကိုမူ ဒေါင်းလုတ်ရယူနိုင်မည်မဟုတ်ပါ။

သတိပြုရန်အချက်မှာ အချို့နိုင်ငံများတွင် Torrent အသုံးပြုမှုကို ဥပဒေအရ တင်းကြပ်စွာတားမြစ်ထားသည်ဖြစ်၏။ သို့ဖြစ်ပါ၍ Popcorn Time အားအသုံးပြုမည်ဆိုပါက မိမိနေထိုင်သည့်နိုင်ငံ၏ ဥပဒေသက်ရောက်မှုများဖြင့် ဆင်ခြင်အသုံးပြုရန်လိုအပ်ပါသည်။ အခြားနည်းလမ်းအားဖြင့် ivacy ကဲ့သို့သော Torrent အသုံးပြုမှုအတွက်ရည်ရွယ်၍ ဝန်ဆောင်မှုပေးသည့် VPN များကိုတွဲဖက်အသုံးပြုသင့်ပါသည်။

Popcorn Time တွင်များစွာသော ဆင်တူdomains များလည်းရှိသည်။ အောက်တွင်ပြထားသော ပုံတွင်ကြည့်နိုင်ပါသည်။

photo


Popcorn Time Installation ပြုလုပ်ခြင်း

အဆင့် ၁

ဦးစွာ ယခု လင့် သို့သွား၍ မိမိအသုံးပြုသော linux system၏ architecture အမျိုးအစားကိုရွေးချယ်ပြီး ဒေါင်းလုတ်ရယူပါ။ ထို့နောက် installationပြုလုပ်ရာတွင် Data files များထားသိုရန် system root အောက်ရှိ /opt Directoryထဲမှာ အောက်ပါ command ဖြင့် Directory အသစ်ဆောက်ပါမည်။

sudo mkdir /opt/popcorntime

ဒေါင်းလုတ်ရယူထားသော Homeအောက်ရှိ Downloads Directory အောက်သို့သွားပါမည်။

cd ~/Downloads

ယခင် ဒေါင်းလုတ်ပြုလုပ်ထားသော Popcon Time tar.xz archive ဖိုင်အား အောက်ပါ command ဖြင့် အသစ်ဆောက်လုပ်ထားသည့် opt/popcorntime Directory အောက်သို့ ဖြည်ချထည့်သွင်းပါမည်။ sudo tar Jxf Popcorn-Time-* -C /opt/popcorntime

အဆင့် ၂

ဆက်လက်၍ Popcorn Time အား Systemအတွင်းရှိ မိမိနှင့်တကွ အခြားUsersများမှ commandဖြင့် ခေါ်ယူအသုံးပြုနိုင်အောင် ပြုလုပ်ပါမည်။

ln -sf /opt/popcorntime/Popcorn-Time /usr/bin/Popcorn-Time

အဆင့် ၃

ယေဘူယျအားဖြင့် Popcorn Time Installation ပြီးမြောက်ပါပြီ။ သို့သော် terminal မှမဟုတ်ဘဲ Desktop Application အနေဖြင့် Application Menu မှအသုံးပြုနိုင်အောင် ပြုလုပ်ပါမည်။ ၎င်းအတွက် Desktop Entry ပြုလုပ်ဖို့လိုပါသည်။ ဦးစွာ Nano text editor ကိုအသုံးပြု၍ /usr/share/applications Directory ထဲတွင် popcorntime.desktop အမည်ဖြင့် fileဆောက်လုပ်ရပါမည်။

(Nano အစား မိမိနှစ်သက်ရာ Text Editor ကိုအသုံးပြုနိုင်ပါသည်။)

terminal ထဲတွင် အောက်ပါ command ကိုရိုက်၍ ပြုလုပ်ပါမည်။

sudo nano /usr/share/applications/popcorntime.desktop

ထို့နောက် အောက်ပါ စာကြောင်းများအား ဖြည့်သွင်းရပါမည်။

[Desktop Entry]
Version = 1.0
Type = Application
Terminal = false
Name = Popcorn Time
Exec = /usr/bin/Popcorn-Time
Icon = /opt/popcorntime/popcorn.png
Categories = Application;

ပြီးပါက Ctrl+X နှိပ်ပြီး Y key ကို enterSave ပြုလုပ်ပါ။ ထို့နောက် ဖြည့်သွင်းခဲ့သော Icon နေရာတွင်အသုံးပြုမည့် PNG Image ဖိုင်အား အောက်ပါ command ကိုရိုက်၍ ဒေါင်းလုတ်ပြုလုပ်ပြီး ထည့်သွင်းရပါမည်။

sudo wget -O /opt/popcorntime/popcorn.png https://upload.wikimedia.org/wikipedia/commons/d/df/Pctlogo.png

Installation ပြုလုပ်ခြင်းပြီးဆုံးပါပြီ။ အောက်ပါအတိုင်း Search box မှတဆင့်စတင်အသုံးပြုနိုင်ပါပြီ။

photo


ref: