Agentic AI အခမဲ့လမ်းညွှန်ကို FOSS Myanmar မှ ဖတ်နိုင်ပါပြီ

28 June 2026

Agentic AI ကို မြန်မာ Developer များအတွက် ဖတ်ရလွယ်အောင် စုစည်းထားသော အခမဲ့လမ်းညွှန်

Agentic AI ဆိုသောစကားလုံးသည် ယနေ့ခေတ်တွင် buzzword ဖြစ်လာသည်။ သို့သော် developer တစ်ယောက်အတွက် အရေးကြီးသည်မှာ hype ကိုလိုက်ရန်မဟုတ်။ Agent တစ်ခုက ဘာမြင်သလဲ၊ ဘာ tool သုံးခွင့်ရှိသလဲ၊ ဘယ်အချိန်ရပ်သလဲ၊ အမှားဖြစ်လျှင် ဘယ် trace ကိုကြည့်မလဲဆိုသော အင်ဂျင်နီယာမျက်စိရရန်ဖြစ်သည်။

Agentic AI အခမဲ့လမ်းညွှန် သည် မြန်မာ Developer များအတွက် Agent, Tool Calling, Context Engineering, RAG, MCP, Sandbox, Coding Agent, DevOps Automation စသောအကြောင်းအရာများကို practical mental model အဖြစ်ရှင်းထားသော open-source book project ဖြစ်သည်။

FOSS Myanmar စာဖတ်သူများအနေဖြင့် စာအုပ်ကို GitHub သို့မသွားဘဲ ဒီစာမျက်နှာပေါ်မှ chapter တစ်ခန်းချင်း ဖတ်နိုင်ရန် reader ကိုထည့်ထားသည်။ သို့သော် source of truth သည် စာအုပ် repository ထဲတွင်ပဲရှိသည်။ စာအုပ် update ဖြစ်လျှင် ဒီ reader က GitHub raw Markdown ကို ပြန်ဖတ်သောကြောင့် content ကို သီးခြား copy မလုပ်ထားပါ။

Ready

Loading chapter

Source

ခဏစောင့်ပါ။ Chapter ကို GitHub မှ fetch လုပ်နေသည်။

ဤ reader သည် JavaScript မရသော browser တွင် မဖွင့်နိုင်ပါက စာအုပ် repository မှ တိုက်ရိုက်ဖတ်နိုင်သည်။ Agentic AI Book on GitHub